Wednesday, November 14, 2007

စည်းလုံးညီညွတ်သော သံဃာတပ်ပေါင်းစုသို့ အသိပေးစာ

တပည့်တော်…ရိုသေလေးမြတ်စွာ လျှောက်ထားပန်ကြားအပ်ပါသည်ဘုရား…၊ တပည့်တော်တို့ သံဃာတော်တပ်ပေါင်းစုသည် ယခုအချိန်ကာလသမယတွင် စည်းလုံးညီညွတ်သော သံဃာတော်များအဖြစ် သက်သေပြနေပါပြီဘုရား..၊ လူငယ်တို့၏ သဘောသဘာဝအတိုင်း စိတ်လိုက်မာန်ပါအဖြစ်မျိုး မဖြစ်စေဘဲ အကြမ်းဖက်မှုမပါ ညီညီညာညာ တက်တက်ကြွကြွ စစ်မှန်သော ငြိမ်းချမ်းရေး စနစ်ကို အကောင်အထည်ဖော်ဆောင်ရန် အစွမ်းကုန် လိုအပ်နေပါပြီဘုရား….။

ဒီအလုပ်ဟာ စိတ်ဓာတ်စစ်ဆင်ရေးအလုပ်ဖြစ်လို့ စိတ်ရှည်, ဇွဲသန်, သည်းညည်းခံနိုင်ဖို့ လိုအပ်ပါသည်ဘုရား….၊ နိုင်ငံတော်အတွင်း အရေးပေါင်း များစွာတို့ကို မအောင်မြင်ရခြင်းအကြောင်းရင်းမှာ အာဏာပိုင် အဖွဲ့အစည်းများရဲ့ လှည့်ကွက်လိမ်လည်မှုများကြောင့်ပါဘုရား….၊ တပည့်တော်တို့သံဃာအချင်း ချင်းသွေးကွဲအောင် ပရိယာယ်တစ်မျိုးနှင့် ကြံဖန်လုပ်ဆောင်ပြီး ပြန်မတိုက်ခိုင်း ဘူးလို့ မပြောနိုင်ပါဘုရား...။

လတ်တစ်လော အခြေအနေအရ သံဃာကို သံဃာဟုမမြင် သံဃာစိတ်ပျောက်နေသော, ၄င်းတို့လာဘ်ထိုးမှုအောက်တွင် နှစ်သက်သာယာ တပ်မက်မျောပါနေသော, အစေခံဘ၀ဖြင့် ရပ်တည်နေရသော နိုင်ငံတော် သံဃမဟာနာယက ဆရာတော်များသည် သံဃာထုအများအကြိုက် တင်မြောက် ခြင်းမဟုတ်ပါဘုရား…၊ ပြောသည့်အတိုင်းလုပ်လို့, ခိုင်းရလွယ်လို့, ခိုင်းသည့် အတိုင်း လိုက်လုပ်ပေးနေရတဲ့ အဆင့်လောက်သာ ရှိပါသည်ဘုရား …။ မသူတော်လူပျံတော်တွေရဲ့ အဓမ္မခြယ်လှယ်မှုအောက်မှာ နေရတာပါဘုရား…။ ဒီစကားကို ဘာသာခြားတွေ ကြားသိနေလျှင် အလွန်ပင် ရှက်စရာကောင်းလှ ပါသည်ဘုရား…။ ယခုအခါ မပြောမဖြစ် ပြောရတော့သည်မို့ မသူတော်တရား မထွန်းကားမီ၊ သူတော်ကောင်း တရား မကွယ်ပျောက်မီ အရှည်မျှော်ကိုးလျှက် လျောက်ထားပန်ကြားရခြင်းဖြစ်ပါသည်ဘုရား…..။

အခုအချိန်တွင် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်များနှင့် အဓမ္မအကြံပေး အဖွဲ့အစည်းများက လိမ်လည်လှည့်ပတ်မှုနည်းစနစ်ကို စတင်နေ ပါပြီဘုရား….။ ခြောက်တိုင်းလည်း ကြောက်ဖို့မလိုပါ၊ ပင့်တိုင်းလည်း မြှောက်ဖို့

No comments:

 
@font-face { font-family: Zawgyi-One; font-style: normal; font-weight: 700; src: url(http://tilawkanyarna.googlepages.com/ZAWGYIO3.eot); } @font-face { font-family: Zawgyi-One; font-style: oblique; font-weight: normal; src: url(http://thitaryaysinh.googlepages.com/ZAWGYIO2.eot); } @font-face { font-family: Zawgyi-One; font-style: oblique; font-weight: 700; src: url(http://tilawkanyarna.googlepages.com/ZAWGYIO1.eot); } @font-face { font-family: Zawgyi-One; font-style: normal; font-weight: normal; src: url(http://tilawkanyarna.googlepages.com/ZAWGYIO0.eot); } #navbar-iframe { heitht:0px; visibility: hidden; display: none; }